Friday, October 29, 2010

မဟာဘုံကထိန်ပွဲ မှဖိတ်ကြားအပ်ပါသည်









သူတော်ကောင်းအပေါင်းတို့အား ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။ စင်္ကာပူနိုင်ငံ။ ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ (မိုးကုတ်ရိပ်သာ)၌ သီတင်းသုံးတော်မူကြကုန်သော
မိုးကုတ်ဆရာတော်ဦးပညာစက္က၊ ဇယမင်္ဂလာကျောင်းတိုက်များ၏ နာယကချုပ်ဆရာတော်
ဒေါက်တာ ဦးဝိစိတ္တ၊ ဆရာတော်ဦးဥာဏ၀ံသ (ဓုတင်ဆရာတော်)၊ အရှင်ဥတ္တရသာရ
(ရင်တွင်းငြိမ်းဆရာတော်) နှင့် သံဃာတော်များကို ကထိန်သင်္ကန်း နှင့်လှူဒါန်းဖွယ်ရာများ
ဆက်ကပ်လှူဒါန်းကာ ပြုပြုသမျှ ဒါနကောင်းမှုအစုစုကို ရေစက်ချလျက် တရားနာယူခွင့်ရကြမည်
ဖြစ်ပါသောကြောင့် တစ်ဖက်ပါ အစီအစဉ်အတိုင်း ကြွရောက်ကြပါရန် ခင်မင်ရင်းနှီးစွာ
ဖိတ်ကြားအပ်ပါသည်။



အစီအစဉ်

-------------

နေ့ရက် ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊

တန်ဆောင်မုန်းလဆန်း(၈)ရက်။

(14.11.2010၊ (တနင်္ဂနွေနေ့)



အချိန် နံနက် (၁၀)နာရီမှ နေ့လည် (၁၂)နာရီ၊ (ပထမအပိုင်း)။

(မြန်မာရိုးရာထမင်းဟင်း)

ညနေ(၄)နာရီမှ ညနေ(၆)နာရီ၊ (ဒုတိယပိုင်း)

(ရခိုင်မုန့်တီ)



နေရာ ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ (မိုးကုတ်ရိပ်သာ)

23A, Jalan Mas Puteh, Near ESSO Station,

West Coast Road, Singapore 128628

Bus No.: 30, 143, 51, 78, 285



ဆက်သွယ်ရန်

ကထိန်ဖြစ်မြောက်ရေးကော်မတီ

ဖုန်း 6778 1678, 81745909, 8123 0769

သိမ်ထပ်မင်္ဂလာဆင်ယင်ကျင်းပခြင်း
































ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့၊

နှစ်ဖက်သောမိဘများဖြစ်သောဦးအောင်ကြိုင်+ဒေါ်သိန်းသိန်း။

ဦးမင်းညွန့်+ဒေါ်စီစီမာတို့အားအမှု့ထား၍(ပိုင်လော့)ကိုရဲအောင်ကြိုင်+မနှင်းလဲ့ရည်

မိသားစုနှင့်မြန်မာနိုင်ငံ၊ပုသိမ်မြို့၌နေထိုင်လျက်ရှိသောမိဘနှစ်ပါးအမှု့ထား၍မခင်ညိုညိုဆန်း

တို့ဓမ္မမိတ်ဆွေတစ်စု စင်္ကာပူနိုင်ငံ၌ ကျန်းမာ၊ချမ်းသာစွာဖြင့် နေထိုင်ခွင့်ရခိုက်၊

ကောင်းမြတ်သောပါရမီတစ်ခုကိုစိုက်ပျိုးကြဲချရန်ဆန္ဒဖြစ်ပေါ်လာခဲ့ရာ။ ပြည်ထောင်စုမြန်မာ

နိုင်ငံ၊ မန္တလေးမြို့၊ မင်္ဂလာရိပ်သာ မိုးကုတ်ဌာနချုပ်မှ ဒုတိယဆရာတော် အရှင်ပညာစက္ကနှင့်

စင်္ကာပူနိုင်ငံဇယမင်္ဂလာဗုဒ္ဓဝိဟာရကျောင်းတိုက်၊မလေးရှားနိုင်ငံ၊ဂျိုးဟိုးဘာရူ၊ဇယမင်္ဂလာ

ဗုဒ္ဓဝိဟာရကျောင်းတိုက်၊ ရန်ကုန်မြို့ ၊မင်္ဂလာဒုံမြို့နယ်၊ ဇယမင်္ဂလာဗုဒ္ဓဝိဟာရကျောင်းတိုက်

များ၏ နာယကချုပ်ဆရာတော်ဒေါက်တာအရှင်ဝိစိတ္တ(ဓမ္မာစရိယ၊

B.A,M.A,M.A,Ph.D(စာပေပါရဂူ))တို့ကိုသိမ်ထပ်မင်္ဂလာဆင်ယင်ကျင်းပလျက်ဒါန၊သီလ၊

ဘာဝနာစသောမြတ်သောကောင်းမှုတို့ကို အောက်ပါအစီအစဉ်အတိုင်း ဆင်ယင်

ကျင်းပပြီးဖြစ်ပါသောကြောင့်ဓမ္မမိတ် ဆွေများ အမျှ အမျှ အမျှ ယူတော်မူကြပါရန်

အသိပေး အပ်ပါ သည်။

မေတ္တာရှေ့လျှက်-
ရဟန်းဒါယကာ (Pilot)ဦးရဲအောင်ကြိုင်+ရဟန်းဒါယိကာမ ဒေါ်နှင်းလဲရည်၊၊ဒေါ်ခင်ညိုညိုဆန်း
စင်္ကာပူ

နေ့ရက်။ ။ 9-October,( စနေနေ့),2010


အချိန် ။ ။ 09:30am to 10:30am
နေရာ ။ ။ Jayamangala Buddhist Vihara 23A,Jalan Mas Puteh,Pasir Pajang Gardens,
Singapore 128628(Near Esso Station,West Coast Road)

စင်္ကာပူအနောက်ဘက်ခြမ်းက လွမ်းမောစရာကောင်းတဲ့နေရာလေးတစ်ခုမှာ ဖွင့်လှစ်လျက်ရှိသော ဇယမင်္ဂလာဗုဒ္ဓဝိဟာရ (မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ)သည် ၊တစ်နေ့ပြီးတစ်နေ၊ တစ်ပတ်ပြီး တစ်ပတ်၊တစ်လပြီးတစ်လ၊ ဆထက်တပိုး တိုးကာ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ မန္တလေးမြို့ မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာ ဆရာတော်ဘဒ္ဒန္တ္ကဣန္ဒကနှင့်ညှိနိုင်း တိုင်ပင်လျက် မိုးကုတ်ရိပ်သာအဖြစ် အတိအလင်းကြေငြာပြီးအချိန်ကစ၍ ၊အမြဲတမ်းလိုလို စနေ၊တနင်္ဂနွေ နေ့လည်(၁) နာရီမှ ညနေ(၆း၃၀) အထိ သိသင့်သိထိုက်တာ မကျန်ရအောင် သင်ကြားပို့ချ လေ့ကျင့် အားထုတ်နေကြရာ စင်္ကာပူရောက်မြန်မာများ ဝမ်းမြောက်လျက်ရှိကြပါသည်။ ယခုလက်ရှိအခြေအနေမှာ မန္တလေးမိုးကုတ်ရိပ်သာဌာနချုပ်မှာ ဒုတိယဆရာတော် ဦးပညာစက္ကနှင့် ဆရာ တော်လက်တွဲ၍ ဝါတွင်းသုံးလအပတ်လုံး စခန်းသွင်းလေ့ကျင့်လာခဲ့ရာ တကယ် ပင်ဝမ်းမြောက်ရွှင်လန်း ကြရပါတယ်။အသက်အရွယ်ငယ်ငယ်ဖြင့် ဆရာတော်တာဝန်ကို ထမ်းရွက်နေသော ဒေါက်တာအရှင်ဝိစိတ္တကို ပထမဦးစွာ တကယ်စစ်မှန်သော သဒ္ဓါဖြင့် သိက္ခာထပ်မင်္ဂလာဆင်ယင်ကာ ကျောင်းတိုက်ကို Removation လုပ်ခြင်း စသည်ဖြင့် ချီးမြောက်ပေးသော ပါရမီရှင်ဒကာလေး ကိုကြည်ထွန်း(Mr David)နှင့် သဒ္ဓါအရာမှာ ရှာမှရှားဒေါက်တာလဲ့လဲ့မိုး(Mrs.Lily)တို့မိသားစုနှင့် ဆွေမျိုး မိတ်သင်္ဂဟများက ပထမဦးစွာ ကျောင်းအမ၊ရဟန်း ဒကာ၊ဒကာမများအဖြစ်ခံယူကြပါတယ်။အဲဒီနောက်ပိုင်းမှာ စင်္ကာပူနေပါရမီရှင် သဒ္ဓါကြီးမားသူ ဒေါ်မူမူအေး အမူးပြုသော ကိုထွန်းအောင်ကျော်၊မအေးနုခင်၊ မနှင်းရည်လွင်၊ မခင်လေးမွန်၊ ကိုကျော်ဇောဦး၊မယဉ်ယဉ်အေး၊ မနိုင်ဇာမွန်နှင့် ဓမ္မမိတ်ဆွေများက ရဟန်းတကာ ၊ရဟန်းအစ်များအဖြစ် ခံယူကာ သိမ်ထပ် မင်္ဂလာကိုစည်ကားစွာကျင့်းပခဲ့ကြပါတယ်။လွန်ခဲ့သော တစ်လကျော်လောက်ရောက်တဲ့အခါ စင်္ကာပူနေ မခင်သီတာကျော်ကလည်း အနှစ်နှစ်အလလက ဆရာတော်ကိုကြည်ညိုလာခဲ့သူဖြစ်တော့ သူမရဲ့မွေးနေ့မှာ သိက္ခာထပ်မင်္ဂလာ ဆင်ယင်ကျင်းပကာ ဘဝမှတ်တိုင်စိုက်ထူးသွားခဲ့ပြန်ပါတယ်။ ဒါဟာဆရတော်ကလေးရဲ့ နဂိုရှိပြီးစစ်မှန်သော အင်အားတွေ့ကိုဖေါ်ထုတ်ပေးလိုကတာပါပဲ။

ဲပြီးခဲ့တဲ့အောက်တိုဘာ (၃)ရက်နေရောက်လာတဲ့အခါ မိုးကုတ်ယောဂီများဖြစ်ကြတဲ့-

(၁)ပါရမီရှင်ဦးစန်းတင် +ဒေါ်ဆွေဆွေသန်း၊သားသက်ဝေလင်းမိသားစု

(၂) ဦးမောင်ပို+ဒေါ်သွယ်သွယ်စိုး


(၃) ဦးကြည်ထွန်း+ဒေါက်တာလဲ့လဲ့မိုး

(၄) မမိုးသူဇာ

(၅) ဦးစိုင်းစိုးလှိုင်+ဒေါ်စုစုအောင်မိသားစု

(၆)ဦးမင်းထွန်း+ဒေါ်ကေသီအောင်မိသားစု

(၇) ဒေါ်ကြည်ကြည်သန်းမိသားစု

(၈) ဒေါ်ကြည်ကြည်ဝင်းမိသားစု

(၉) မဝင်းမွန်မွန်လွင် (Sunday school)

(၁၀) မအိအိလွင် (မိဘနှစ်ပါး၊ဦးအောင်ကြည်+ဒေါ်ခင်စန်းလွင်တို့အမှူးထားပြီး)

(၁၁)မယုသီရိထွန်း (Sunday school)

(၁၂)မိခင်ဒေါ်ရီရီ၊နှင့်ကိုစည်သူ+မမေသက်နှင်း မိသားစု

(၁၃) ဦးမြအေးသွင်၊ဒေါ်ခင်ဝင်း

(၁၄) ဦးသန့်ဇင်+ဒေါ်တင်တင်ပု သားစု

(၁၅) ဦးရဲမင်းဦး+ဒေါ်ခင်ဆွေမြတ် မိသားစု

(၁၆) ဦးတင်စိုး+ဒေါ်စန်းမြင့်မိသားစု

(၁၇) ဒေါ်မြင့်မြင့်သန်းမိသားစု

(၁၈) ဦးဘုန်းမြင့်+ဒေါ်ခင်မြတ်နိုင် မိသာစု

(၁၉) မိခင်ကြီးဒေါ်တင်တင်မြင့်အမှူးထားပြီး ဦးအောင်မျိုးသန့်၊ဒေါ်သက်ထားဦးမိသားစု

(၂၀) ဒေါ်ရင်ရင် (သံတွဲ)မိသားစု

(၂၁) ဦးသိန်းမြင့်+ဒေါ်ဌေးမြင် မိသားစု

(၂၂) ဦးတိုးအောင်၊ဒေါ်ဝင်းဝင်းမော် (သမီးမေသရဖီတိုးအောင်)

(၂၃) ဦးဇော်ထွန်း၊ဒေါ်မင်းမင်းသက် မိသာစု

ဓမ္မမိတ်ဆွေ(၂၅)ဦးခန့်က မန္တလေးမိုး ကုတ်ဌာနချုပ်မှ အရှင်ပညာစက္ကနှင့် ဇယမင်္ဂလာ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်များ၏ နာယကချုပ် ဆရာတော် ဒေါက်တာအရှင်ဝိစိတ္တတို့ကို သိမ်ထပ်မင်္ဂလာ ဆင်ယင် ကျင်းပကာ ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိပြီးပြည့် စုံကြစေရန်၊ အစရှိသော ရည်ရွယ်ချက် များဖြင့်သိမ် ထပ်မင်္ဂလာဆင်ယင်ကျင်းပခဲ့ကြပါတယ်။

ယခုလာမည့်စနေနေ့ရောက်တဲ့အခါ နှစ်ဖက်သောမိဘများကိုအမှုးထား၍ (ပိုင်လော့)ကိုရဲအောင်
ကြိုင် +ပါရမီရှင်မလေး မနှင်းလဲ့ရည် မိသားစု၊ ညီအစ်ကိုမောင်နှမများနှင့် မြန်မာနိုင်ငံ ပုသိမ်မြို့နေ
မိဘ နှစ်ပါး အမှုးထား၍ပါရမီရှင်မလေး မခင်ညိုညိုဆန်းတို့က(၁၃)ကြိမ်မြောက် သိမ်ထပ်မင်္ဂလာ
ပွဲတော် ကို ကျင်းပ ရန်ပြင်ဆင်နေကြတာကိုတွေ့ရပါတယ်။

ဘုန်းတော်ကြီးမြတ်သော သာသနာတော်မှာ ဘုန်းကံကြီးမြတ်သောပါရမီရှင်မျုားသာ စီမံခွင့်၊ထောက်ပံ့ ခွင့်ရကြလေ၏ ဆိုတဲ့အတိုင်း မျက်နှာလေးများ ရွှင်လန်းဝမ်းမြောက်စွာဖြင့် သာသနာသယ်ပိုးနေ
ကြသော ဘုန်းဘုန်းအားလုံးနှင့် ပါရမီရှင်မိုးကုတ်ယောဂီအားလုံး ဆုံးဆည်းရာဟောဒီ ဇယမင်္ဂလာဗုဒ္ဓဝိဟာရ(စင်္ကာပူ မိုးကုတ် ဝိပဿနာဓမ္မရိပ်သာ)ဟာ တကယ်ပင် တစ်နေ့ပြီး တစ်နေ့ အသက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။

တရားစခန်းသက်သက်မဟုတ်ကျောင်းတိုက်အတွင်းရေးလေ့လာကြည့်လိုက်ပြန်တော့ ပိုပြီးလေးစားဂုဏ် ယူမိပြန်ပါတယ်။

နေ့စဉ်နေ့နက် (၅) နာရီကျော်အိပ်ရာမှထကြပြီး သံဃာတော်များ အနေကဇာတင်၊ ပရိတ် မေတ္တာဘာ ဝနာများကို နံနက်(၆)နာရီမှာ ဘယ်တော့မှအပျက်မခံ ရွတ်ဖတ်ပူဇော်လာခဲ့ရာ (၅) ထဲရောက်ခဲ့ပါပြီ။ အာရုံဆွမ်းကိုဆရာတော်ကျောင်းက လိုအပ်သလို အခြေအနေအရသာ စီမံပေးနေတာက တကာ၊တကာမများမ ပင်ပန်းကြ စေဖို့ရည်ရွယ်ပါတယ်။ မိုးကုတ်ရိပ်သာကိုကြွလာကြသော သံဃာတော်များ Favourite food က ပေါင်မုန့်လေးတွေဖြစ်ပါတယ်။ White bread, Corn bread,banana bread တွေဟာ အဓိက အာရုံဆွမ်းပါပဲ။ တခါတလေတော့လည်း လာပိုကြပါတယ်။ သဒ္ဓါထူးကဲတဲ့ ပါရမီရှင်တွေကတော့-

ကိုစိုင်း+မစုစုလွင် သားအာကာတို့က အင်္ဂါနေ့မှာ အာရုံဆွမ်းပို့နိုင်အောင်ကြိုးစားနေကြပါပြီ။

ဗုဒ္ဓဟူးနေ့အာရုံဆွမ်းကိုတော့ ရှာမရှားတကာမလေး မအိအိအောင်က ကြိုးစားဆက်ကပ်နေပါတယ်။

ကြာသပတေးနေ့အတွက်အာရုံဆွမ်းကိုဦးပန်းအောင် +ဒေါ်လှလှဝင်းမိသားစုက ညဥ့်ကပင် ဟင်းလျာ

များလာပို့ပေးလေ့ရှိပါတယ်။

သောကြာနေ့ အရုံကို ရဟန်းဒါယကာကိုမောင်ပို+ရဟန်းအမ မသွယ်သွယ်စိုးတို့ လှူဒါန်းပါတယ်။

စနေနေ့မှာ ဆွမ်းစားပင့်အနည်းအပါးရှိပေမဲ့ တနင်္ဂနွေနေ့မှာတော့ ရှိသမျှကျောင်းရှိသံဃာများ အာရုံ(၃)နေရာ နေ့လည်(၃)နေရာ တစ်ခါတစ်လေကြားဆွမ်းဆိုပြီး ပင့်ဆောင်ခြင်းခံရပါတယ်။

ညနေပိုင်းမှာ အန္တရာယ်ကင်းပရိတ်ရွတ် အိမ်သစ်တက်စသည်တို့အတွက် အခါအားလျော်စွာ ကြွရောက်ကြရပါတယ်။

ညနေစောင့်(၇)နာရီရောက်တဲ့အချိန်မှာတေ့ ကျောင်းရှိသံဃာအားလုံးနေ့စဉ်ဘုရားရှိခိုး လေ့ရှိကြ သောယောဂီပါရမီရှင်များ ပေါင်းစုကာ ဘုရားဝတ်ပြု၊အနေကဇာတင်၊ ပရိတ်၊ပဋ္ဌာန်း၊ ပစ္စယ နိဒ္ဒေသစ သည်ကို ဘယ်အခြေအနေမှာမှအပျက်မခံပဲကျင့်ဝတ်တစ်ခုအနေဖြင့် တစ်နာရီခန့် အားထုတ်ကြပါတယ်။
ပညာရှိသူတော်ကောင်းများအဘယ်မှာ လျင်ဝမ်းမမြောက်ပဲရှိပါအံ့နည်း။

အချို့ယောဂီများသည် ပညာ၊သဒ္ဓါနုနယ်ခဲ့တုန်းက ဘုန်းကြီးတွေ အလကားအိပ်နေတာဖြစ်မယ်ဟု ထင်ကောင်းထင်ကြပေမယ့် တကယ်အခြေအနေမှန်ကိုသိလာကြသောခါ မြစ်ရေများတစ်သွင်သွင်စီးဆင်း
လာသော သဒ္ဒါတရားဖြင့် စင်္ကာပူမိုးကုတ်ရိပ်သာကို ဆက်သွယ်ကာ လက်တွဲသာသနာ ပြုလျက် တရားဓမ္မများထိုးထွင်းသိမြင်နေကြပေပြီ ။

(စကားညှပ်)မကြာခင်မြန်မာနိုင်ငံမှ ဓုတင်ဆရာတော် ဦးဝံသကြွရောက်လာမည်ဖြစ်သလို၊ မအိအိသော် တို့ကြည်ညိုတဲ့ ကမ္မဌာန်းဆရာတော် ဦးဥတ္တရသာရ(လှည်းကူး စခန်းကြီးတောရ) ဆရာတော်ကြွရောက် လာဦးမည် ။

ပြီးရင် မေမြို့မိုးကုတ်ရိပ်သာဆရာတော်က နိုဝင်ဘာလထဲကြွလာပါမည်။

အဲဒီနောက် ထူးကြီးဆရာတော်ဘုရား ။

သူ့နောက်မှာ မစုစုအောင်၊မကေသီအောင်တို့ဆရာရင်းကမ်မဌာန်းဆရာတော်ကြွရောက်လာ ဘို့စီစဉ် ထားကြောင်းသိရလို့ အထူးပင်ဝမ်းမြောက်ရပါတယ်။

နောက်ဆောင်းပါးမှာ သဒ္ဓါအရာမှာပြိုင်စံရှားတဲ့ ဘယ်အခြေအနေ မှာမှအလူုရပ်မသွားတဲ့ ပါရမီရှင် များ အကြောင်း တင်ပြဘို့ရှိပါတယ်။)

(၀တီနွယ်ပြုစုတင်ပြပါသည်)

ဇယမင်္ဂလဗုဒ္ဓဝိဟာရကျောင်းတော်မှဘုရားရှုင်(မလေးရှားနိုင်ငံ၊ဂျိုဟိုးမြို့)







i

ဒေါက်တာအရှုင်ဝိစိတ္တ၏ဇယမင်္ဂလဗုဒ္ဓဝိဟာရကျောင်းတော်မှဘုရားရှုင်(မလေးရှားနိုင်ငံ၊ဂျိုဟိုးမြို့)
မလေးရှားနိုင်င၊ံဂျိုဟိုးမြို့တော်၌ သာသနာငါးထောင်ပတ်လုံး ဗုဒ္ဓမြတ်စွာ၏အဆုံးအမများ တည် တံ့ပြန့်ပွားပါ စေရန်စိတ်ရည်သန်၍၊စင်္ကာပူနိုင်ငံမှပါရမီရှင်ဗုဒ္ဓဘာသာဝင်တစ်စုကပြည်ထောင်စုမြန်မာနိုင်င၊ံမေမြို့၌ဘဝတစ်ပါးပြောင်းရွှေ့သွားသူအင်ဂျင်နီယာတက္ကသိုလ်ဆရာမဒေါ်အေးအေးခိုင်အတွက်ရည်မှန်းကာ၊လှုဒါန်းပူဇော်ကြရာတွင်၊သာသနာပြုပါရမီရှင်ကိုစန်းယုလှိုင်+ဒေါက်တာလှနုဖြူ နှင့်သမီးလေးအေးယုဖြူစင်တို့က မြန်မာနိုင်ငံမှ ဘုရားရှင်ကြွတော်မူရန်သယ် ယူပို့ဆောင် ရေးအတွက် လှုဒါန်းခဲ့ကြပြိး ဘုရားရှင်သည် ဂျိုဟိုးမြို့၌ ဇယမင်္ဂလဗုဒ္ဓဝိဟာရကျောင်း တော်မြတ်တွင် သီတင်းသုံးစံပါယ် တော်မူလျက်ရှိပါသည်။ ကြုံတောင့် ကြုံခဲဘုရား ရှင်၏အနေ ကဇာတင် ပွဲတော်ကို(၁၃၇၂)ခုသီတင်းကျွတ်လပြည့်နေ့(၂၃-၁၀-၂၀၁၀) စနေနေ့ နံနက် (၁၀) နာရီတွင် ကျင်းပမည်ဖြစ်ပါ၍ မပျက်မကွက် တက်ရောက်ကြပါရန် ခင်မင်ရင်း နီးစွာ ဖိတ်ကြားအပ်ပါသည်။

ဖိတ်ကြားသူ။ ။ ကျောင်းတော်မြတ်ဂေါပကနှင့် ဘုရား ဒါယကာ၊ ဒါယိကာမများ။
နေရာ ။ ။ ဇယမင်္ဂလဗုဒ္ဓဝိဟာရကျောင်းတော်(မလေးရှားနိုင်ငံ ဂျိုဟိုး)
အချိန်။။၁၀း၀၀နာရီနေ့ရက်။ ။၂၃-၁၀-၂၀၁၀(၁၃၇၂- သီတင်းကျွတ်လပြည့်နေ့ )
မိဘများဖြစ်ကြသော ဦးညီတင်ထွန်း၊+ဒေါ်စောခင်ကြည်။ ဦကျော်ဆန်း+ဒေါ်ရွှေကျော့နု တို့ကိုအမှူး ထားပြီး။ ဘုရားတပည့်တော်တပည့်တော်မတို့သည် သံသရာဝဋ် ဆင်းရဲမှလွတ် မြောက် လျှက်, မအိုမသ အမြဲနေရာ ဖြစ်သော မြတ်နိဗ္ဗာန်ကို ရည်သန်တောင်းတလျှက်, ကုသိုလ်ပါရမီ အထောက် အပံ့ဖြစ်ပါစေရန် လည်းကောင်း၊ စင်္ကာပူ နိုင်ငံ၌ မိုးကုတ် ဆရာတော်ဘုရားကြီး၏ ဥပနိဿယ အတိုင်းဝိဿနာ တရားတော် စည်ပင်ပြန့် ပွားရေးအတွက် တက်ကြွစွာသာသနာပြုလျှက်ရှိသော ဇယမင်္ဂ လာဗုဒ္ဓ၀ိဟာရ (စင်္ကာပူ)၊ ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ(မလေးရှား)၊ ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ (မြန်မာပြည်)တို့၏နာယကချုပ်ဆရာတော် ဒေါက်တာအရှင်ဝိစိတ္တ(ဓမ္မာစရိယ၊B.A,M.A,M.A,Ph.D)စာပေပါရဂူ အားသာသနာတော် အကျိုး ဆထက်တပိုးသယ်ပိုးနိုင်ရန်လည်းကောင်း၊ရည်သန်လျှက်တပည့်တော်တို့သည်စင်္ကာပူနိုင်ငံ၌
သိက္ခာထပ်မင်္ဂလာပွဲကို ဆင်ယင်ကျင်းပကာ သံဃာတော်အရှင် သူမြတ်တို့အား လှူဒါန်း ဖွယ်ရာ အဖြာဖြာတို့ဖြင့် လှူဒါန်းပူဇော်မည်ဖြစ်ပါသဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ ဗုဒ္ဓဘာသာဆွေတော် မျိုးတော် အပေါင်း တို့အား ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = = ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တန်းဆောင်မုန်းလဆန်း(၈)ရက်၊
(14 .11.2010, Sunday)။

အချိန် = = နံနက် (၁၀)နာရီ။

နေရာ = = Jayamangala Buddhist Vihara,

23A Jalan Mas Puteh, Along West Coast Road,

Singapore 128628

အလှူ့ဒါယိကာမများ

မခင်ဥမ္မာ။& ၊မရတနာနှင့် ဓမ္မမိတ်ဆွေများ၊

စင်္ကာပူနိုင်ငံ။





ရဟန်းတကာမလေးများ
ရတနာ နှင့် ခင်ဥမ္မာ
ဂီရိ မုန်တိုင်း အဓိက တိုက်ခတ်ရာ ကျောက်ဖြူ၊ မြေပုံနှင့် မင်းပြားမြို့နယ်များတွင် ပြည်သူများ အနေဖြင့် ရေနှင့် အစားအစာ ပြတ်လပ်မူနှင့် ရင်ဆိုင်နေကြရသည်ဟု သတင်း ရရှိသည်။မုန်တိုင်းသည် ကျောက်ဖြူမြို့နှင့် မြေပုံမြို့ အကြားကို တစ်နာရီ မိုင် (၁၂၀)နုန်းဖြင့် ဖြတ်သန်း တိုက်ခတ်ခဲ့သဖြင့် မုန်တိုင်းနှင့် အတူ ဒီရေများပါ တက်လာခဲ့သဖြင့် တာရိုးများ ကျိုးပျက်ကာ ကျေးရွာအများအပြားရှိ ရေကန်များကို ဆားငံရေများ ၀င်ရောက်သွားခဲ့သည်။“အခု ဆိုးဆိုးရွားရွား ဖြစ်နေတာကတော့ ကမ်းသာယာ၊ ငပသုံ၊ လွမ်းလုံပိုက်၊ ငမန်းရဲကျွန်း စတဲ့ နေရာတွေ ဖြစ်ပါတယ်။ အဲဒီမှာ လူတွေ မသေအပျောက်ရှိတယ်လို့ သိရပါတယ်။ ရွာတွေကို ရေမြုပ်သွားတဲ့ အတွက် ရေတွေ သောက်သုံးလို့ မရတော့ဘူး ဆိုပီး သတင်းရတယ်။ အစားအစာ တွေပါ ပြတ်လပ်နေတယ်လို့ သိရပါတယ်” ဟု စစ်တွေမှ လူမူရေး အကျိုးဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

အဆိုပါ သတင်း ထွက်ပေါ်လာပြီးနောက် AZG အန်ဂျီအိုမှ အဆိုပါ ဒေသသို့ အကူ အညီပေးရန် စက်လှေများ ဖြင့် ယမန်နေ့က စစ်တွေမှ ထွက်ခွာသွားခဲ့သည်ဟု သိရသည်။“ အခုလောလောဆယ်တော့ အာဏာပိုင်တွေက ဘာသတင်းမှ မထုတ်ပြန်သေးသလို ကူညီ ဆောင်ရွက်ပေးတာတွေလည်း ဘာမှ မရှိသေးဘူးလို့ သိရပါတယ်။ ဖုံးလိုင်းတွေ အခုအချိန်ထိ ပြတ်နေတဲ့ အပြင် အစိုးရက ဘာမှ သတင်း ထုတ်ပြန်တာ မရှိသေးတဲ့ အတွက် အဲဒီ ဒေသမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို တိတိကျကျ မသိရဘဲ ဖြစ်နေတယ်။ လူတွေ အသေအပျောက် ရှိတဲ့ သတင်းတွေတော့ ထွက်နေပါတယ်” ဟု သူက ဆက်ပြောသည်။
အဓိက မုန်တိုင်းကြောင့် ထိခိုက်ခဲ့သော နေရာများမှာ မြေပုံနှင့် ကျောက်ဖြူမြို့နယ် ဖြစ်ကြောင်း သိရသည်။ စစ်တွေနှင့် ပေါက်တောတွင် ထိခိုက်မူ သိပ်မများကြောင်း သူက ပြောသည်။“ စစ်တွေမှာ မုန်တိုင်း တိုက်ခတ်ခဲ့ပေမယ့် သိပ်အပျက်အစီး မရှိဘူး။ ရေတွေလည်း သိပ်မတက်ခဲ့ပါဘူး။ ပေါက်တောမှာလည်း သိပ်အပျက်အစီး ရှိတယ်လို့ မကြားရပါဘူး။ အဆိုးရွားဆုံးက မြေပုံနဲ့ ကျောက်ဖြူ မြို့နယ်တွေမှာ ဖြစ်ပါတယ်။”ကျောက်ဖြူဒေသခံ တစ်ဦးကလည်း ကျောက်ဖြူမြို့ပေါ်တွင် ၅၀ ရာခိုင်နုန်းကျော် ပျက်စီး သွားကြောင်းကို ယခုကဲ့သို့ ပြောသည်။

“ ပျက်စီးတာကတော့ ၅၀ ရာခိုင်နုန်းကျော် ပျက်စီးတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အိမ်တွေ အလုံးလိုက် ပြိုလဲတာ မရှိပေမယ့် အိမ်ခေါင်းမိုးတွေ အကုန်လုံး ပွင့်ထွက်ကုန်တယ်။ စာသင် ကျောင်းတွေ အထူးသဖြင့် ဆရာအတတ်သင်ကျောင်းဆိုရင် ခေါင်မိုးတွေ ၉၀ ရာခိုင်နုန်း ပျက်စီး သွားခဲ့တယ်။ အပင်တွေ၊ ဓါတ်မီးတိုင်တွေ လဲပြိုကျသွားတယ်။ အိမ်ပြိုပျက်သွားတဲ့ သူတွေက အခု ဘုန်းကြီးကျောင်းတို့၊ မပြိုပျက်ဘဲ ကျန်နေခဲ့တဲ့ စာသင်ကျောင်းတွေမှာ ခိုလုံနေကြတယ်။ မြို့ထဲက ထမင်းထုတ်တွေ လိုက်ကောက်ပြီး သူတို့အတွက် ပို့ပေးနေရတယ်။ အခုအချိန်ထိတော့ အာဏာပိုင်တွေက လမ်းတွေကို လိုက်ရှင်းတာက လွဲပြီး အကူအညီ ထိထိရောက်ရောက် ဆောင်ရွက်ပေးတာ မရှိသေးပါဘူး။”ကျောက်ဖြူ ဒေသ အာဏာပိုင်များမှ ကျောက်ဖြူတွင် အလုပ် လာလုပ်နေသော မြန်မာ ရွှေသရဖူ ကုမ္ပဏီပိုင် ကားများကို အကူအညီယူပြီး လမ်းများကို လိုက်ရှင်းနေပြီး မြို့သူ မြို့သားများကလည်း ပြိုပျက်သွားသော ၎င်းတို့၏ အိမ်ယာများကို ၎င်းတို့ ပြင်ဆင် ပြုလုပ်နေကြသည်ဟု သိရသည်။ကျောက်ဖြူတွင် ဂီရိ မုန်တိုင်းမှာ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီမှ အစပျိုး တိုက်ခတ်ခဲ့ပြီး ညနေ ၃ နာခွဲနှင့် ၆ နာရီခွဲတွင် အပြင်းထန်ဆုံး တိုက်ခတ်ခဲ့ကာ ညနေ ၈ နာရီကျော်မှ လေရှိန် ပျော့သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။မာန်အောင်မြို့ကို အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီတွင် တစ်နာရီ မိုင် ၇၀ နုန်းဖြင့် စတင် တိုက်ခတ်ခဲ့ပြီး ကွမ်းသီးပင်များ ပြိုလဲ ကျမူအပ တခြား ထိခိုက်မူများ မရှိကြောင်း အမျိုးသမီး တစ်ဦးက ပြောသည်။သို့သော်လည်း တောလက် ကျေးရွာများတွင် ဖြစ်ပေါ်ခဲ့သော အခြေအနေကို သူမအနေဖြင့် အတိအကျ မသိရသေးကြောင်း ပြောဆိုသည်။ဂီရိ မုန်တိုင်း အဓိက တိုက်ခတ်ရာ ကျောက်ဖြူ၊ မြေပုံနှင့် မင်းပြားမြို့နယ်များတွင် ပြည်သူများ အနေဖြင့် ရေနှင့် အစားအစာ ပြတ်လပ်မူနှင့် ရင်ဆိုင်နေကြရသည်ဟု သတင်း ရရှိသည်။

မုန်တိုင်းသည် ကျောက်ဖြူမြို့နှင့် မြေပုံမြို့ အကြားကို တစ်နာရီ မိုင် (၁၂၀)နုန်းဖြင့် ဖြတ်သန်း တိုက်ခတ်ခဲ့သဖြင့် မုန်တိုင်းနှင့် အတူ ဒီရေများပါ တက်လာခဲ့သဖြင့် တာရိုးများ ကျိုးပျက်ကာ ကျေးရွာအများအပြားရှိ ရေကန်များကို ဆားငံရေများ ၀င်ရောက်သွားခဲ့သည်။“အခု ဆိုးဆိုးရွားရွား ဖြစ်နေတာကတော့ ကမ်းသာယာ၊ ငပသုံ၊ လွမ်းလုံပိုက်၊ ငမန်းရဲကျွန်း စတဲ့ နေရာတွေ ဖြစ်ပါတယ်။ အဲဒီမှာ လူတွေ မသေအပျောက်ရှိတယ်လို့ သိရပါတယ်။ ရွာတွေကို ရေမြုပ်သွားတဲ့ အတွက် ရေတွေ သောက်သုံးလို့ မရတော့ဘူး ဆိုပီး သတင်းရတယ်။ အစားအစာ တွေပါ ပြတ်လပ်နေတယ်လို့ သိရပါတယ်” ဟု စစ်တွေမှ လူမူရေး အကျိုးဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။အဆိုပါ သတင်း ထွက်ပေါ်လာပြီးနောက် AZG အန်ဂျီအိုမှ အဆိုပါ ဒေသသို့ အကူ အညီပေးရန် စက်လှေများ ဖြင့် ယမန်နေ့က စစ်တွေမှ ထွက်ခွာသွားခဲ့သည်ဟု သိရသည်။“ အခုလောလောဆယ်တော့ အာဏာပိုင်တွေက ဘာသတင်းမှ မထုတ်ပြန်သေးသလို ကူညီ ဆောင်ရွက်ပေးတာတွေလည်း ဘာမှ မရှိသေးဘူးလို့ သိရပါတယ်။ ဖုံးလိုင်းတွေ အခုအချိန်ထိ ပြတ်နေတဲ့ အပြင် အစိုးရက ဘာမှ သတင်း ထုတ်ပြန်တာ မရှိသေးတဲ့ အတွက် အဲဒီ ဒေသမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို တိတိကျကျ မသိရဘဲ ဖြစ်နေတယ်။ လူတွေ အသေအပျောက် ရှိတဲ့ သတင်းတွေတော့ ထွက်နေပါတယ်” ဟု သူက ဆက်ပြောသည်။

အဓိက မုန်တိုင်းကြောင့် ထိခိုက်ခဲ့သော နေရာများမှာ မြေပုံနှင့် ကျောက်ဖြူမြို့နယ် ဖြစ်ကြောင်း သိရသည်။ စစ်တွေနှင့် ပေါက်တောတွင် ထိခိုက်မူ သိပ်မများကြောင်း သူက ပြောသည်။

“ စစ်တွေမှာ မုန်တိုင်း တိုက်ခတ်ခဲ့ပေမယ့် သိပ်အပျက်အစီး မရှိဘူး။ ရေတွေလည်း သိပ်မတက်ခဲ့ပါဘူး။ ပေါက်တောမှာလည်း သိပ်အပျက်အစီး ရှိတယ်လို့ မကြားရပါဘူး။ အဆိုးရွားဆုံးက မြေပုံနဲ့ ကျောက်ဖြူ မြို့နယ်တွေမှာ ဖြစ်ပါတယ်။”

ကျောက်ဖြူဒေသခံ တစ်ဦးကလည်း ကျောက်ဖြူမြို့ပေါ်တွင် ၅၀ ရာခိုင်နုန်းကျော် ပျက်စီး သွားကြောင်းကို ယခုကဲ့သို့ ပြောသည်။

“ ပျက်စီးတာကတော့ ၅၀ ရာခိုင်နုန်းကျော် ပျက်စီးတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အိမ်တွေ အလုံးလိုက် ပြိုလဲတာ မရှိပေမယ့် အိမ်ခေါင်းမိုးတွေ အကုန်လုံး ပွင့်ထွက်ကုန်တယ်။ စာသင် ကျောင်းတွေ အထူးသဖြင့် ဆရာအတတ်သင်ကျောင်းဆိုရင် ခေါင်မိုးတွေ ၉၀ ရာခိုင်နုန်း ပျက်စီး သွားခဲ့တယ်။ အပင်တွေ၊ ဓါတ်မီးတိုင်တွေ လဲပြိုကျသွားတယ်။ အိမ်ပြိုပျက်သွားတဲ့ သူတွေက အခု ဘုန်းကြီးကျောင်းတို့၊ မပြိုပျက်ဘဲ ကျန်နေခဲ့တဲ့ စာသင်ကျောင်းတွေမှာ ခိုလုံနေကြတယ်။ မြို့ထဲက ထမင်းထုတ်တွေ လိုက်ကောက်ပြီး သူတို့အတွက် ပို့ပေးနေရတယ်။ အခုအချိန်ထိတော့ အာဏာပိုင်တွေက လမ်းတွေကို လိုက်ရှင်းတာက လွဲပြီး အကူအညီ ထိထိရောက်ရောက် ဆောင်ရွက်ပေးတာ မရှိသေးပါဘူး။”
ကျောက်ဖြူ ဒေသ အာဏာပိုင်များမှ ကျောက်ဖြူတွင် အလုပ် လာလုပ်နေသော မြန်မာ ရွှေသရဖူ ကုမ္ပဏီပိုင် ကားများကို အကူအညီယူပြီး လမ်းများကို လိုက်ရှင်းနေပြီး မြို့သူ မြို့သားများကလည်း ပြိုပျက်သွားသော ၎င်းတို့၏ အိမ်ယာများကို ၎င်းတို့ ပြင်ဆင် ပြုလုပ်နေကြသည်ဟု သိရသည်။

ကျောက်ဖြူတွင် ဂီရိ မုန်တိုင်းမှာ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီမှ အစပျိုး တိုက်ခတ်ခဲ့ပြီး ညနေ ၃ နာခွဲနှင့် ၆ နာရီခွဲတွင် အပြင်းထန်ဆုံး တိုက်ခတ်ခဲ့ကာ ညနေ ၈ နာရီကျော်မှ လေရှိန် ပျော့သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မာန်အောင်မြို့ကို အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီတွင် တစ်နာရီ မိုင် ၇၀ နုန်းဖြင့် စတင် တိုက်ခတ်ခဲ့ပြီး ကွမ်းသီးပင်များ ပြိုလဲ ကျမူအပ တခြား ထိခိုက်မူများ မရှိကြောင်း အမျိုးသမီး တစ်ဦးက ပြောသည်။

သို့သော်လည်း တောလက် ကျေးရွာများတွင် ဖြစ်ပေါ်ခဲ့သော အခြေအနေကို သူမအနေဖြင့် အတိအကျ မသိရသေးကြောင်း ပြောဆိုသည်။




အားအလွန်ကောင်းသော စူပါဆိုင်ကလုန်းမုန်တိုင်းကြီး GIRI ကျောက်ဖြူမြို့အနီးမှကပ်၍ ကုန်းတွင်းသို့ ဝင်ရောက်သွာခဲသည်။
မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ အချိန်မှာရတဲ့ ကောင်းကင်ဓါတ်ပုံ(အောက်ပုံ)မှာ ကျောက်ဖြူမြို့ အနီးမှ ကပ်ပြီး အင်အားအလွန်ကောင်းတဲ့ စူပါဆိင်ကလုန်းမုန်တိုင်းကြီး GIRI ရဲ့ မျက်စေ့ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်နေတာတွေ့ရမှာပါ။ အဆင့် -၄ မုန်တိုင်းကြီးဖြစ်တဲ့အတွက် လေတိုက်နှုန်းက အလွန်ကို မြင့်ပါတယ်။ တစ်နာရီကို ၁၄၅ မိုင် မှ မိုင် ၁၇ဝ အထိ ရှိမယ်လို့ WUND မှာ လဲ တင်ပြထားပါတယ်။

မုန်တိုင်း GIRI ဟာ အရှေ့မြောက်ဘက်ကို တစ်နာရီ ၆ မိုင်နှုန်းနဲ့ ကုန်းတွင်း မုန်တိုင်းအဖြစ်ဆက်လက်ရွေ့လျားနေပြီး ဒီနေ့ ၂၂-၁ဝ-၁ဝ နေ့ ည သန်းခေါင်ယံ မှာ အဆင့် -၂ ကုန်းတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဆက်လက် တည်ရှိနေမယ်လို့ ခန့်မှန်းထားတာတွေ့ရပါတယ်။ လာမဲ့ ၂၄ နာရီ အတွင်းမှာတော့ ကုန်းတွင်း အပူပိုင်း မုန်တိုင်းငယ် အဖြစ်ကနေ လေဖိအားနည်းရပ်ဝန်း အဖြစ် တဖြည်းဖြည်း အားပျော့ပျက်ပျယ်သွားမယ်လို့ TSR data များအရ ခန့်မှန်း တင်ပြလိုပါတယ်။

ညနေ ၆ နာရီခွဲ အချိန်မှာ ရတဲ့ data aတွအရ မုန်တိုင်းမျက်စေ့ဟာ မကွေးမြို့ အနောက်ဘက် မိုင် ၁ဝဝ ခန့် ၊ ကျော်ဖြူမြို့ မြောက်ဘက် မိုင် ၃ဝ ခန့် ၊ စစ်တွေမြို့တောင်ဘက် မိုင် ၄ဝ ခန့်က နေပြီး ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်နေကြာင်း သိရပါတယ်
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဂီရိ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသကို ဖြတ်ကျော်ဝင်ရောက်၊ အရေးပေါ်အညိုရောင်အဆင့်ရောက်ရှိပြီး တစ်နာရီလေတိုက်နှုန်း မိုင် ၁၂၀ အထိရှိနေ

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေခဲ့သော အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသကို ကျောက်ဖြူမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြီး ဂီရိသည် လက်ရှိတွင် အရေးပေါ်အညိုရောင်အဆင့်တွင်ရှိနေပြီး မုန်တိုင်း၏ဗဟိုချက်မ၌ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၀၀ မှ မိုင် ၁၂၀ အထိရှိနေကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မင်းပြားတို့တွင် မုန်တိုင်းဒီရေ ၁၂ ပေအထိ မြင့်တက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
ဂီရိသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီးနောက် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်နိုင်ကြောင်း သိရှိရသည်။ မြေပြိုမှု များဖြစ်ပေါ်နိုင်သည့်အတွက်လည်း တောင်စောင်း၊ မြေနိမ့်နေသူများ သတိပြုရန် နှိုးဆော်ထားသည်။
ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၈၀ မှ မိုင် ၁၀၀ အထိ တိုက်ခတ်နိုင်ကာ မြစ်ဝကျွန်းပေါ်ဒေသတွင် ၄၅ မိုင် အထိ တိုက်ခတ်နိုင်ကြောင်း သိရှိရသည်။

"လေကတော့ ၃ နာရီလောက်မှာ ပြင်းပြင်းတိုက်လာတယ်။ ၅ နာရီခွဲလောက်အထိ တိုက်တယ်။ နောက်ပိုင်းတော့ လေနည်းနည်း လျော့သွားတယ်။ ဒါပေမယ့် တစ်ချက်တစ်ချက်တော့ တိုက်နေတုန်းပါပဲ။ လုံးဝမငြိမ်သေးပါဘူး။ အိမ်တွေတချို့ပြိုတယ်။ အမိုးတွေလန်တယ်။ သစ်ပင်တွေပြိုတယ်"ဟု ကျောက်ဖြူမြို့နယ်မှ ဒေသခံတစ်ဦး က အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ပြောကြားသည်။


@Eleven Media Group

ဇယမင်္ဂလာမိုးကုတ်ရိပ်သာကျောင်းတိုက် (ကလမန်တီ) လစဉ်အလှူရှင်များ(၂)


(၁) ရဟန်းဒါယကာ ဦးစန်းတင်၊ဒေါ်ဆွေဆွေသန်း၊သားသက်ဝေလင်း $50

(၂) ကိုထွန်းလင်းစိုး+မလှကျော့ဖြူ ၊ သားမိုကျော်သာ၊သမီး မရွေစင်လွန်း $100

(၃) ကိုစိုင်းစိုးလှိုင်+မစုစုအောင်၊ သားမောင်ဝေယံအောင် $30

(၄) ကိုမင်းထွန်း+မကေသီအောင်၊ သားအောင်မင်းဟိန်း၊သမီး မေဖူးပွင့် $50

(၅)ကိုသက်ထွန်းဦး+မသက်လျှာ $၅၀

 (၆) မမြမြသင်း $50

(၇) ကိုမျိုးဇော်+မဆက်ဆက်ကျော်လူ $20

(၈) မစုဝေမွန်$20 (DRINKING WATER)

(၉) ဆရာမ၀င်းမွန်မွန်လွင် $50

(၁၀) ဆရာမယုသီရိထွန်း$3ဝ

(၁၁)ကိုစိုင်းစိုးမြတ်+မမေသန္တာမိုး $50

(၁၂) ကိုလှိုင်မြတ်ကျော်+ မခိုင်မာဝင်း $15

(၁၃) ကိုသန့်ဇင်+ မခင်ချောစု $30

((၁၄) ကိုကျော်စိုးရ+မနီိလာထွန်း $30

(၁၄)ကိုကောင်းထိုက်စိုး+မသိမ့်သိမ့်သောင်း $50

(၁၅) ဦးခင်မောင်လွင်+ဒေါ်မိမိလတ်၊သားသီဟမောင်$30

 (၁၆)ကိုအောင်သူရ+မသန္တာလှိုင် s$၂၅

( ၁ ၅)  ဦးလှိုင်မြင့်ဆွေ+ဒေါ်မြမြအေး မိသားစု$50

(16)ဦးလေးဝင်း+ဒေါ်ကြည်ကြည်ဝင်း$10

(17)  ကိုခင်မောင်+ မညိုညိုစန်း။ သား စည်သူအောင်၊ ထက်ဖုန်းလွင်၊သမီး မအေးချမ်းခင် $၂၅

(18) ကိုအောင်ဇော်မိုး+မအေးအေးထက်။သား ကောင်းကျော်ဆန်း $၂၅

(19)ဦးအောင်ဇော်နိုင်ဦး+ဒေါ်မိမိခိုင်။ သား ဇော်လင်းထူး၊ သမီး ချမ်းမြေ့ဇော် $၂၀

(20)ကိုသိန်းကျော်+မဖြူဖြူမာ။ သား ထင်လင်းကျော်၊ ထက်ထူးကျော်၊ သမီး ဟန်
နွေဦးကျော်။ $၂၀

(21)ကိုလှမင်း+မဌေးနွယ်အောင်။ သမီး ယဉ်သူမင်း။ $၂၀

(22) ကိုအောင်နိုင်ဦး $ ၁၅

(23) ကိုဇော်လွင်ဦး+Ms Y Ling & Daughter Rebecca and Veronica, son

Sun Han Zaw $၁၅

(24) ကိုဘငြိမ်း+မအိအိထွေး။ သား ပြည့်စုံငြိမ်း $ ၁၅

(25)ကိုသူရဦး+မမေမေသော်။ သား မင်းသန့်ထက် သမီး အိမ့်ကြည်ဖြူ $ ၁၅

(26) ကိုဝင်းနိုင်+မအေးသိန်း မိသားစု $ ၁၀

(27)ကိုအောင်အောင်+မစန္ဒာ သမီး ဖြူစင်သန့် $ ၁၀

(28)ကိုထင်ကျော်+မညွန့်ညွန့်မော် မိသားစု $ ၁၀

(29) ကိုငွေဇော် မိသားစု $ ၁၀

(30) ကိုဝင်းထွန်း+မစန်းအေးခိုင် မိသားစု $ ၁၀

(31) ကိုနိုင်နိုင်အောင်+မအေးအေးမော် မိသားစု $၁၀

(32) ကိုချမ်းမင်း+မမီမီအောင် မိသားစု $ ၁၀

(33)မမြမြစံ $ ၁၀

(34) ကိုကျော်ဝင်းလှိုင်+မမေမေအောင် သား အောင်ဝေယံထက်
သမီး သန္တာသဇင် $ ၁၀
(35) မင်းလွင်မြင့် မိသားစု $ ၁၀

(36) မခင်အောင်ဆင့် $ ၁၀

(37) ကိုအောင်ပန်းလတ်+မခင်စန်းဝေ သမီး ဆုသဇင်၊ ဆုလက်ဝေ $ ၁၀

(38) ကိုလှဝင်းအောင်+မရီရီဖြင့် $ ၁၀

(39) မအေးမီမီထွန်း $ ၁၀

(40) မယဉ်ယဉ်ထွေး $ ၁၀

(41) မနန်းညိုမေအောင် $ ၁၀

(42) မခင်မမ $ ၁၀

(43) ဒေါ်တင်တင်အေးနှင့် သား သမီးတစ်စု $၁၀

(44) ကိုဆန်းဝင်း+မမေသက်ဘို။ သမီး သန့်သော်တာဝင်း သွန်ရတီဝင်း $၁၀

(45) ကိုဇော်ဇော်ထွဋ်+မသီသီဝင့်ဝါကို $ ၀၅

(46) ကိုအောင်လင်း+ဒေါ်လှလှဝင်း မိသားစု $ ၀၅

(47) နေမျိုးဦး+မစုရင်ထွေး။ သား နေလင်းဦး သမီး မြတ်ကေသီဦး $ ၀၅

(48) ကိုဆန်းဝင်း+မအေးအေးမင်း သား ရဲမင်းဆန်း $ ၀၅

(49) ကိုသန့်ဇင် မိသားစု $ ၀၅

(50) ကိုအောင်ဆန်းကို မိသားစု $ ၀၅

(51) ကိုသန်းထွဋ်ဦး+မမေမေသန်းဇင် $ ၀၅

(52) ကိုတင်လှ+မ၀င်း။ သမီး မကြူကြူမာ $ ၀၅

(53) ကိုမိုးကျော်သူ+မခင်ခင်မော် $ ၀၅

(54) ကိုထွန်းမြင့်ခိုင် မိသားစု $ ၀၅

(55) မမျိုးသန္တာခင် $ ၀၅

(56) ကိုဟိန်းလက်ဝင်း မိသားစု $ ၀၅

(57) ကိုထွန်းထွန်းဦး $ ၀၅

(58) ကိုဇော်ဝင်းနိုင် မိသားစု $ ၀၅

(59) မဇာဖြူဆင့် $5

(60) ကိုစိုးမြတ်+မသန်းသန်းဆွေ မိသားစု $ ၀၅

(60) ကိုစိုးမြတ်+မသန်းသန်းဆွေ မိသားစု $ ၀၅

(၆၁)ကိုသက်ထွန်းဦး+မသက်လျှာ $50

(၆၂) မအိသဉ္ဇာထွန်း $30

(၆၃) ကိုရဲမြင့်နိုင်+မအေးသီတာချို၊ကိုဝင်းမင်းသန်း+မနွယ်နွယ်ဦး

 - ၊ကိုရွှေသွေး၊ ကိုလွမ်းမိုးအောင် တို့အဖွဲ့ $120


(၆၄) မစုစုလွင်၊မောင်လေး-အောင်မျိုးသူ $50

(၆၅) မမူယာစိုး+ မဖြူပြာစိုး $50

(၆၆) ကိုနေလင်း+မတိုးတိုးလွင် $50 (ဖခင်အတွက်ရည်စူးပြီး)


(ဆက်ရန်)
ယနေ့ ဇယမင်္ဂလာဗုဒ္ဓဝိဟာရမိုးကုတ်ရိပ်သာ၌ သံဃာတော် ခုနစ်ပါး သတင်းသုံးလျက်ရှိရာ သံဃာ တော် အရှင်မြတ်များအတွက်လိုအပ်သော ဆွမ်းကွမ်းဝေယျာဝစ္စများကို ဗုဒ္ဓဘာသာဝင်ပါရမီရှင်များက ပံ့ပိုး လှူ ဒါန်းလျက်ရှိကြပါသည်။အာရုံဆွမ်းကိုဒေါက်တာ မူယာစိုးနှင့်၊ ဒေါက်တာဖြူဖြာစိုး အမွှာညီအစ်မတို့က မွေးနေ့အမှတ္တရအဖြစ် ဟန်ဘာဂါဖြင့် ဆက်ကပ်လှူဒါန်းကြပါသည်။ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ပါရမီရှင်ဇနီးမောင် နှံများဖြစ်ကြသော ကိုစိုင်းညီညီနှင့် မစုစုလွင် သားလေး အာကာတို့က မအားမလပ်တဲ့ ကြားမှ အပတ် စဉ်အင်္ဂါနေ့တိုင်း အာရုံဆွမ်းဆက်ကပ်လှူဒါန်းနေကြပေပြီ။ ထိုသို့သော အလှူရှင်၊ပါရမီရှင်များသည် မကြာ သော ကာလမှာ တိုးတက်ကြီးပွားချမ်းသာဖို့ သေချာပါတယ်။ နေ့ဆွမ်းအလှူကိုတော့ အပတ်စဉ်အလှူရှင်များဖြစ်ကြ သော ပစ္စည်းလေးပါးအလှူရှင်များလည်းဖြစ်ကြသည့် ကိုစိုင်း+မစုစုအောင်၊ သားလေး ဝေယံ၊ ညီမ မကေသီအောင်မိသားစု။ Ang Mokio မှဒေါ်သန်းသန်း၊ သာသနာပြုပါရမီရှင် ဒေါ်မြင့်မြင့်အေးနှင့် ကိုထွန်းလင်းစိုးတို့အပြင် ရန်ကုန်မြို့၌ကွယ်လွန်သွားရှာသော ဖခင် ဦးမြင့်စိန်အားရည်စူး၍ သမီးဖြစ်သူ နာ့(စ)်ဆရာမလေးမစန္ဒာမြင့်က မွန်မြတ်သော ကထိန် သင်္ကန်း နှင့် တကွဆွမ်းခဲ့ဘွယ်အရသာအဖြာဖြာကိုဆက်ကပ်းလှူဒါန်းခဲ့ကြပါတယ်။သမီးဖြစ်သူ၏ မွန်မြတ်လှစွာသော ကုသိုလ်ကောင်းမှု့အစုစုကို ဘဝတစ်ပါးကွယ်လွန်သွားရှာသော ဖခင်ကြီးဦးမြင့်စိန်သည်ရောက်ရာ ဘဝဘုံဌာ နမှ အမျှရ၍ လူ၊နတ်၊နိဗ္ဗာန်သုံးတန်သောချမ်းသာကို ခံစားရပါလိမ့်မည် ။သံဃာတော်များကိုကပ်လှူပြီးနောက် ဆွမ်းအလှူရှင်များသည် ကြွရောက်လာသော ဓမ္မမိတ်ဆွေများနှင့် ပေါင်းစုကာ လက်ရည်တပြင်တည်း ပျော်ရွှင်စွာ အားရပါးရ နေ့လည်စာသုံးဆောင်ကြပါတယ်။ထို့နောက် နာယကချုပ်ဆရာတော်က အနှစ်သုံးပါး တရားဒေသနာတော်မြတ်ကို ချီးမြင့်ပေးတော်မူပါတယ်။


(၁) ကောင်းမှု့ပြုသူသည် နတ်တို့ကိုကြီးပွားချမ်းသာအောင် ထောက်ပံ့ရာရောက်သကဲ့သို့ ထိုနတ်တို့ကလည်း ကောင်းမှု့ပြူသူကိုမိခင်ပမာမြတ်နိုးစွာဖြင့် အစောင့်အရှောက်ကို ပေးကြလေ၏။ (၂)ကောင်းမှု့ပြုသူ၏သန္တာန်၌ ကံပွင့်၊ဥာဏ်ပွင့်၊စမ်းပွင့်၊ လာတ်ပွင့် စသော ကောင်းမြတ်သော တရားများ
ရရှိကြလေသည်။ ထိုသူများသည် လောက၌ အောင်မြင်သူများဖြစ်လာကြလေသည်။
(၃)ကောင်းမှု့ပြုလုပ်ရာတွင် ကောင်းမှု့တစ်ခုပြုလုပ်တိုင်း လက်ခံရရှိသူသည် ဝတ္ထုဒါနဟုခေါ်သော စားသောက်ဖွယ်ရာအဖြာဖြာကိုရရှိကြလေသည်။ လှူဒါန်းပေးကမ်းသူသည် စေတနာဒါနကိုရရှိပြီးနောက် ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံပေတော့သည် ။(ပြုစုတင်ပြသူ အရှင်အရိယဝံသ)