Friday, October 29, 2010

သိမ်ထပ်မင်္ဂလာဆင်ယင်ကျင်းပခြင်း
































ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့၊

နှစ်ဖက်သောမိဘများဖြစ်သောဦးအောင်ကြိုင်+ဒေါ်သိန်းသိန်း။

ဦးမင်းညွန့်+ဒေါ်စီစီမာတို့အားအမှု့ထား၍(ပိုင်လော့)ကိုရဲအောင်ကြိုင်+မနှင်းလဲ့ရည်

မိသားစုနှင့်မြန်မာနိုင်ငံ၊ပုသိမ်မြို့၌နေထိုင်လျက်ရှိသောမိဘနှစ်ပါးအမှု့ထား၍မခင်ညိုညိုဆန်း

တို့ဓမ္မမိတ်ဆွေတစ်စု စင်္ကာပူနိုင်ငံ၌ ကျန်းမာ၊ချမ်းသာစွာဖြင့် နေထိုင်ခွင့်ရခိုက်၊

ကောင်းမြတ်သောပါရမီတစ်ခုကိုစိုက်ပျိုးကြဲချရန်ဆန္ဒဖြစ်ပေါ်လာခဲ့ရာ။ ပြည်ထောင်စုမြန်မာ

နိုင်ငံ၊ မန္တလေးမြို့၊ မင်္ဂလာရိပ်သာ မိုးကုတ်ဌာနချုပ်မှ ဒုတိယဆရာတော် အရှင်ပညာစက္ကနှင့်

စင်္ကာပူနိုင်ငံဇယမင်္ဂလာဗုဒ္ဓဝိဟာရကျောင်းတိုက်၊မလေးရှားနိုင်ငံ၊ဂျိုးဟိုးဘာရူ၊ဇယမင်္ဂလာ

ဗုဒ္ဓဝိဟာရကျောင်းတိုက်၊ ရန်ကုန်မြို့ ၊မင်္ဂလာဒုံမြို့နယ်၊ ဇယမင်္ဂလာဗုဒ္ဓဝိဟာရကျောင်းတိုက်

များ၏ နာယကချုပ်ဆရာတော်ဒေါက်တာအရှင်ဝိစိတ္တ(ဓမ္မာစရိယ၊

B.A,M.A,M.A,Ph.D(စာပေပါရဂူ))တို့ကိုသိမ်ထပ်မင်္ဂလာဆင်ယင်ကျင်းပလျက်ဒါန၊သီလ၊

ဘာဝနာစသောမြတ်သောကောင်းမှုတို့ကို အောက်ပါအစီအစဉ်အတိုင်း ဆင်ယင်

ကျင်းပပြီးဖြစ်ပါသောကြောင့်ဓမ္မမိတ် ဆွေများ အမျှ အမျှ အမျှ ယူတော်မူကြပါရန်

အသိပေး အပ်ပါ သည်။

မေတ္တာရှေ့လျှက်-
ရဟန်းဒါယကာ (Pilot)ဦးရဲအောင်ကြိုင်+ရဟန်းဒါယိကာမ ဒေါ်နှင်းလဲရည်၊၊ဒေါ်ခင်ညိုညိုဆန်း
စင်္ကာပူ

နေ့ရက်။ ။ 9-October,( စနေနေ့),2010


အချိန် ။ ။ 09:30am to 10:30am
နေရာ ။ ။ Jayamangala Buddhist Vihara 23A,Jalan Mas Puteh,Pasir Pajang Gardens,
Singapore 128628(Near Esso Station,West Coast Road)

စင်္ကာပူအနောက်ဘက်ခြမ်းက လွမ်းမောစရာကောင်းတဲ့နေရာလေးတစ်ခုမှာ ဖွင့်လှစ်လျက်ရှိသော ဇယမင်္ဂလာဗုဒ္ဓဝိဟာရ (မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ)သည် ၊တစ်နေ့ပြီးတစ်နေ၊ တစ်ပတ်ပြီး တစ်ပတ်၊တစ်လပြီးတစ်လ၊ ဆထက်တပိုး တိုးကာ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ မန္တလေးမြို့ မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာ ဆရာတော်ဘဒ္ဒန္တ္ကဣန္ဒကနှင့်ညှိနိုင်း တိုင်ပင်လျက် မိုးကုတ်ရိပ်သာအဖြစ် အတိအလင်းကြေငြာပြီးအချိန်ကစ၍ ၊အမြဲတမ်းလိုလို စနေ၊တနင်္ဂနွေ နေ့လည်(၁) နာရီမှ ညနေ(၆း၃၀) အထိ သိသင့်သိထိုက်တာ မကျန်ရအောင် သင်ကြားပို့ချ လေ့ကျင့် အားထုတ်နေကြရာ စင်္ကာပူရောက်မြန်မာများ ဝမ်းမြောက်လျက်ရှိကြပါသည်။ ယခုလက်ရှိအခြေအနေမှာ မန္တလေးမိုးကုတ်ရိပ်သာဌာနချုပ်မှာ ဒုတိယဆရာတော် ဦးပညာစက္ကနှင့် ဆရာ တော်လက်တွဲ၍ ဝါတွင်းသုံးလအပတ်လုံး စခန်းသွင်းလေ့ကျင့်လာခဲ့ရာ တကယ် ပင်ဝမ်းမြောက်ရွှင်လန်း ကြရပါတယ်။အသက်အရွယ်ငယ်ငယ်ဖြင့် ဆရာတော်တာဝန်ကို ထမ်းရွက်နေသော ဒေါက်တာအရှင်ဝိစိတ္တကို ပထမဦးစွာ တကယ်စစ်မှန်သော သဒ္ဓါဖြင့် သိက္ခာထပ်မင်္ဂလာဆင်ယင်ကာ ကျောင်းတိုက်ကို Removation လုပ်ခြင်း စသည်ဖြင့် ချီးမြောက်ပေးသော ပါရမီရှင်ဒကာလေး ကိုကြည်ထွန်း(Mr David)နှင့် သဒ္ဓါအရာမှာ ရှာမှရှားဒေါက်တာလဲ့လဲ့မိုး(Mrs.Lily)တို့မိသားစုနှင့် ဆွေမျိုး မိတ်သင်္ဂဟများက ပထမဦးစွာ ကျောင်းအမ၊ရဟန်း ဒကာ၊ဒကာမများအဖြစ်ခံယူကြပါတယ်။အဲဒီနောက်ပိုင်းမှာ စင်္ကာပူနေပါရမီရှင် သဒ္ဓါကြီးမားသူ ဒေါ်မူမူအေး အမူးပြုသော ကိုထွန်းအောင်ကျော်၊မအေးနုခင်၊ မနှင်းရည်လွင်၊ မခင်လေးမွန်၊ ကိုကျော်ဇောဦး၊မယဉ်ယဉ်အေး၊ မနိုင်ဇာမွန်နှင့် ဓမ္မမိတ်ဆွေများက ရဟန်းတကာ ၊ရဟန်းအစ်များအဖြစ် ခံယူကာ သိမ်ထပ် မင်္ဂလာကိုစည်ကားစွာကျင့်းပခဲ့ကြပါတယ်။လွန်ခဲ့သော တစ်လကျော်လောက်ရောက်တဲ့အခါ စင်္ကာပူနေ မခင်သီတာကျော်ကလည်း အနှစ်နှစ်အလလက ဆရာတော်ကိုကြည်ညိုလာခဲ့သူဖြစ်တော့ သူမရဲ့မွေးနေ့မှာ သိက္ခာထပ်မင်္ဂလာ ဆင်ယင်ကျင်းပကာ ဘဝမှတ်တိုင်စိုက်ထူးသွားခဲ့ပြန်ပါတယ်။ ဒါဟာဆရတော်ကလေးရဲ့ နဂိုရှိပြီးစစ်မှန်သော အင်အားတွေ့ကိုဖေါ်ထုတ်ပေးလိုကတာပါပဲ။

ဲပြီးခဲ့တဲ့အောက်တိုဘာ (၃)ရက်နေရောက်လာတဲ့အခါ မိုးကုတ်ယောဂီများဖြစ်ကြတဲ့-

(၁)ပါရမီရှင်ဦးစန်းတင် +ဒေါ်ဆွေဆွေသန်း၊သားသက်ဝေလင်းမိသားစု

(၂) ဦးမောင်ပို+ဒေါ်သွယ်သွယ်စိုး


(၃) ဦးကြည်ထွန်း+ဒေါက်တာလဲ့လဲ့မိုး

(၄) မမိုးသူဇာ

(၅) ဦးစိုင်းစိုးလှိုင်+ဒေါ်စုစုအောင်မိသားစု

(၆)ဦးမင်းထွန်း+ဒေါ်ကေသီအောင်မိသားစု

(၇) ဒေါ်ကြည်ကြည်သန်းမိသားစု

(၈) ဒေါ်ကြည်ကြည်ဝင်းမိသားစု

(၉) မဝင်းမွန်မွန်လွင် (Sunday school)

(၁၀) မအိအိလွင် (မိဘနှစ်ပါး၊ဦးအောင်ကြည်+ဒေါ်ခင်စန်းလွင်တို့အမှူးထားပြီး)

(၁၁)မယုသီရိထွန်း (Sunday school)

(၁၂)မိခင်ဒေါ်ရီရီ၊နှင့်ကိုစည်သူ+မမေသက်နှင်း မိသားစု

(၁၃) ဦးမြအေးသွင်၊ဒေါ်ခင်ဝင်း

(၁၄) ဦးသန့်ဇင်+ဒေါ်တင်တင်ပု သားစု

(၁၅) ဦးရဲမင်းဦး+ဒေါ်ခင်ဆွေမြတ် မိသားစု

(၁၆) ဦးတင်စိုး+ဒေါ်စန်းမြင့်မိသားစု

(၁၇) ဒေါ်မြင့်မြင့်သန်းမိသားစု

(၁၈) ဦးဘုန်းမြင့်+ဒေါ်ခင်မြတ်နိုင် မိသာစု

(၁၉) မိခင်ကြီးဒေါ်တင်တင်မြင့်အမှူးထားပြီး ဦးအောင်မျိုးသန့်၊ဒေါ်သက်ထားဦးမိသားစု

(၂၀) ဒေါ်ရင်ရင် (သံတွဲ)မိသားစု

(၂၁) ဦးသိန်းမြင့်+ဒေါ်ဌေးမြင် မိသားစု

(၂၂) ဦးတိုးအောင်၊ဒေါ်ဝင်းဝင်းမော် (သမီးမေသရဖီတိုးအောင်)

(၂၃) ဦးဇော်ထွန်း၊ဒေါ်မင်းမင်းသက် မိသာစု

ဓမ္မမိတ်ဆွေ(၂၅)ဦးခန့်က မန္တလေးမိုး ကုတ်ဌာနချုပ်မှ အရှင်ပညာစက္ကနှင့် ဇယမင်္ဂလာ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်များ၏ နာယကချုပ် ဆရာတော် ဒေါက်တာအရှင်ဝိစိတ္တတို့ကို သိမ်ထပ်မင်္ဂလာ ဆင်ယင် ကျင်းပကာ ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိပြီးပြည့် စုံကြစေရန်၊ အစရှိသော ရည်ရွယ်ချက် များဖြင့်သိမ် ထပ်မင်္ဂလာဆင်ယင်ကျင်းပခဲ့ကြပါတယ်။

ယခုလာမည့်စနေနေ့ရောက်တဲ့အခါ နှစ်ဖက်သောမိဘများကိုအမှုးထား၍ (ပိုင်လော့)ကိုရဲအောင်
ကြိုင် +ပါရမီရှင်မလေး မနှင်းလဲ့ရည် မိသားစု၊ ညီအစ်ကိုမောင်နှမများနှင့် မြန်မာနိုင်ငံ ပုသိမ်မြို့နေ
မိဘ နှစ်ပါး အမှုးထား၍ပါရမီရှင်မလေး မခင်ညိုညိုဆန်းတို့က(၁၃)ကြိမ်မြောက် သိမ်ထပ်မင်္ဂလာ
ပွဲတော် ကို ကျင်းပ ရန်ပြင်ဆင်နေကြတာကိုတွေ့ရပါတယ်။

ဘုန်းတော်ကြီးမြတ်သော သာသနာတော်မှာ ဘုန်းကံကြီးမြတ်သောပါရမီရှင်မျုားသာ စီမံခွင့်၊ထောက်ပံ့ ခွင့်ရကြလေ၏ ဆိုတဲ့အတိုင်း မျက်နှာလေးများ ရွှင်လန်းဝမ်းမြောက်စွာဖြင့် သာသနာသယ်ပိုးနေ
ကြသော ဘုန်းဘုန်းအားလုံးနှင့် ပါရမီရှင်မိုးကုတ်ယောဂီအားလုံး ဆုံးဆည်းရာဟောဒီ ဇယမင်္ဂလာဗုဒ္ဓဝိဟာရ(စင်္ကာပူ မိုးကုတ် ဝိပဿနာဓမ္မရိပ်သာ)ဟာ တကယ်ပင် တစ်နေ့ပြီး တစ်နေ့ အသက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။

တရားစခန်းသက်သက်မဟုတ်ကျောင်းတိုက်အတွင်းရေးလေ့လာကြည့်လိုက်ပြန်တော့ ပိုပြီးလေးစားဂုဏ် ယူမိပြန်ပါတယ်။

နေ့စဉ်နေ့နက် (၅) နာရီကျော်အိပ်ရာမှထကြပြီး သံဃာတော်များ အနေကဇာတင်၊ ပရိတ် မေတ္တာဘာ ဝနာများကို နံနက်(၆)နာရီမှာ ဘယ်တော့မှအပျက်မခံ ရွတ်ဖတ်ပူဇော်လာခဲ့ရာ (၅) ထဲရောက်ခဲ့ပါပြီ။ အာရုံဆွမ်းကိုဆရာတော်ကျောင်းက လိုအပ်သလို အခြေအနေအရသာ စီမံပေးနေတာက တကာ၊တကာမများမ ပင်ပန်းကြ စေဖို့ရည်ရွယ်ပါတယ်။ မိုးကုတ်ရိပ်သာကိုကြွလာကြသော သံဃာတော်များ Favourite food က ပေါင်မုန့်လေးတွေဖြစ်ပါတယ်။ White bread, Corn bread,banana bread တွေဟာ အဓိက အာရုံဆွမ်းပါပဲ။ တခါတလေတော့လည်း လာပိုကြပါတယ်။ သဒ္ဓါထူးကဲတဲ့ ပါရမီရှင်တွေကတော့-

ကိုစိုင်း+မစုစုလွင် သားအာကာတို့က အင်္ဂါနေ့မှာ အာရုံဆွမ်းပို့နိုင်အောင်ကြိုးစားနေကြပါပြီ။

ဗုဒ္ဓဟူးနေ့အာရုံဆွမ်းကိုတော့ ရှာမရှားတကာမလေး မအိအိအောင်က ကြိုးစားဆက်ကပ်နေပါတယ်။

ကြာသပတေးနေ့အတွက်အာရုံဆွမ်းကိုဦးပန်းအောင် +ဒေါ်လှလှဝင်းမိသားစုက ညဥ့်ကပင် ဟင်းလျာ

များလာပို့ပေးလေ့ရှိပါတယ်။

သောကြာနေ့ အရုံကို ရဟန်းဒါယကာကိုမောင်ပို+ရဟန်းအမ မသွယ်သွယ်စိုးတို့ လှူဒါန်းပါတယ်။

စနေနေ့မှာ ဆွမ်းစားပင့်အနည်းအပါးရှိပေမဲ့ တနင်္ဂနွေနေ့မှာတော့ ရှိသမျှကျောင်းရှိသံဃာများ အာရုံ(၃)နေရာ နေ့လည်(၃)နေရာ တစ်ခါတစ်လေကြားဆွမ်းဆိုပြီး ပင့်ဆောင်ခြင်းခံရပါတယ်။

ညနေပိုင်းမှာ အန္တရာယ်ကင်းပရိတ်ရွတ် အိမ်သစ်တက်စသည်တို့အတွက် အခါအားလျော်စွာ ကြွရောက်ကြရပါတယ်။

ညနေစောင့်(၇)နာရီရောက်တဲ့အချိန်မှာတေ့ ကျောင်းရှိသံဃာအားလုံးနေ့စဉ်ဘုရားရှိခိုး လေ့ရှိကြ သောယောဂီပါရမီရှင်များ ပေါင်းစုကာ ဘုရားဝတ်ပြု၊အနေကဇာတင်၊ ပရိတ်၊ပဋ္ဌာန်း၊ ပစ္စယ နိဒ္ဒေသစ သည်ကို ဘယ်အခြေအနေမှာမှအပျက်မခံပဲကျင့်ဝတ်တစ်ခုအနေဖြင့် တစ်နာရီခန့် အားထုတ်ကြပါတယ်။
ပညာရှိသူတော်ကောင်းများအဘယ်မှာ လျင်ဝမ်းမမြောက်ပဲရှိပါအံ့နည်း။

အချို့ယောဂီများသည် ပညာ၊သဒ္ဓါနုနယ်ခဲ့တုန်းက ဘုန်းကြီးတွေ အလကားအိပ်နေတာဖြစ်မယ်ဟု ထင်ကောင်းထင်ကြပေမယ့် တကယ်အခြေအနေမှန်ကိုသိလာကြသောခါ မြစ်ရေများတစ်သွင်သွင်စီးဆင်း
လာသော သဒ္ဒါတရားဖြင့် စင်္ကာပူမိုးကုတ်ရိပ်သာကို ဆက်သွယ်ကာ လက်တွဲသာသနာ ပြုလျက် တရားဓမ္မများထိုးထွင်းသိမြင်နေကြပေပြီ ။

(စကားညှပ်)မကြာခင်မြန်မာနိုင်ငံမှ ဓုတင်ဆရာတော် ဦးဝံသကြွရောက်လာမည်ဖြစ်သလို၊ မအိအိသော် တို့ကြည်ညိုတဲ့ ကမ္မဌာန်းဆရာတော် ဦးဥတ္တရသာရ(လှည်းကူး စခန်းကြီးတောရ) ဆရာတော်ကြွရောက် လာဦးမည် ။

ပြီးရင် မေမြို့မိုးကုတ်ရိပ်သာဆရာတော်က နိုဝင်ဘာလထဲကြွလာပါမည်။

အဲဒီနောက် ထူးကြီးဆရာတော်ဘုရား ။

သူ့နောက်မှာ မစုစုအောင်၊မကေသီအောင်တို့ဆရာရင်းကမ်မဌာန်းဆရာတော်ကြွရောက်လာ ဘို့စီစဉ် ထားကြောင်းသိရလို့ အထူးပင်ဝမ်းမြောက်ရပါတယ်။

နောက်ဆောင်းပါးမှာ သဒ္ဓါအရာမှာပြိုင်စံရှားတဲ့ ဘယ်အခြေအနေ မှာမှအလူုရပ်မသွားတဲ့ ပါရမီရှင် များ အကြောင်း တင်ပြဘို့ရှိပါတယ်။)

(၀တီနွယ်ပြုစုတင်ပြပါသည်)

No comments:

Post a Comment