Monday, April 30, 2012

ဗုဒ္ဓမြတ်စွာမွေးနေ့မင်္ဂလာပွဲတော်မှ ကြွရောက် ကြပါရန် ခင်မင်ရင်နှီးစွာ ဖိတ်ကြားအပ်ပါသည်။

 

 

 


နေနန်း ရယ်တဲ့ ဖန်သူရိန်။
တန်ခိုး ဥဏှဂူနှင့်
ကဆုန်ဟူ သည်မာသမှာ
ပြင်းပြ ပူရှိန်။
ဝိသာခါ ယှဉ်ပြိုင် ၀န်းပါလို.
ထွန်းလှတဲ့ ငွေတာရိန်ငယ်
ဒွတ္တိံသ နေ.စွဲ။
ပန်း စကားဝါ
နန်းဘမယာ ကေသီဆင်လို.
ရွှေပြည်ခွင် ဗိုလ်ပါ ပေါင်းရယ်တို.
ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်
ခါသဘင် ညောင်ရေသွန်း ကြတယ်
လွမ်းစရာ့ ပွဲ။

 လူနတ် ဗြဟ္မာ သတ္တ၀ါ အားလုံး ဆင်းရဲ ဒုက္ခ အပေါင်းမှ လွတ်မြောက် စေလျှက် မအို၊ မနာ မသေ အမြဲနေရာ ဖြစ်သော နိဗ္ဗာန် လမ်းကို ပြပေးတော်မူသည့် မြတ်စွာ ဘုရား၏ ဖွားတော်မူရာ နေ့ရက် အခါ၌ ကမ္ဘာ အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင် များက ဗုဒ္ဓနေ့ကို ခမ်းနားစွာ ဆင်ယင် ကျင်းပ ကြမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့ နေထိုင်ရာ စင်္ကာပူနိုင်ငံ Clementi အရပ်ရှိ ၊ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ Clementi ကျောင်းတော်မြတ်၌ ပြည်ထောင်စု မြန်မာ နိုင်ငံတော်မှ သာသနာ ပြုရန် ကြွရောက် လာမည့် မန္တလေးမိုးကုတ်ဆရာတော်ဘုရား ဦးဣန္ဒက ၊  Clementi ကျောင်းဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တ၊ တို့အပါအ၀င် သံဃာတော်(၁၀)ပါး ဦးဆောင်လျက် မြတ်စွာ ဘုရားရှင်အား ပူဇော် ကန်တော့ ကြပြီးလျှင်-ပါရမီရှင် သူတော်စင် များက မန္တလေးမိုးကုတ်ရိ့်သာ နာယကချုပ် ဆရာတော် ဘုရား ဦးဣန္ဒက ထံမှ တရားတော်နာ ယူခွင့် ရကြ မည်ဖြစ်ပါ၍

 အောက်ပါ အစီအစဉ် အတိုင်း ကြွရောက် ကြပါရန် ခင်မင်ရင်နှီးစွာ ဖိတ်ကြားအပ်ပါသည်။
အခမ်းအနားအစီအစဉ်

နေ့ရက် ၊
၀၅.၀၅.၂၀၁၂(စနေနေ့)

အချိန် ၊

နံနက် ၉ နာရီ ။  ။သံဃာတော်များနှင့် ပါရမီရှင် ဗုဒ္ဓဘာသာဝင်များ စုဝေးရောက်ရှိပြီး ကျောင်းတိုက် ဆရာတော် ဒေါက်တာဝိစိတ္တ က အဖွင့် စကားပြောရန်။

နံနက် ၉ နာရီ ၁၀ မိနစ် ။  ။ ဆရာတော်ဦးဣန္ဒကထံမှ သရဏဂုံ ၃ ပါးနှင့် ၅ ပါးသီလ သီလခံယူ တည်ဆောက်ပြီးနောက် သံဃာတော် များနှင့် ပါရမီရှင်များ စုပေါင်းပြီး လယ်တီ ဆရာတော်၏ ဗုဒ္ဓ၀င် လင်္ကာစသည်များဖြင့် မြတ်စွာဘုရားကို ပူဇော်ကြပါရန်။

နံနက် ၉ နာရီ ၃၀ မိနစ်။   ။ ဦးဣန္ဒက ဆရာတော်ထံမှ တရားနာယူရန်။

နံနက် ၁၀ နာရီ  ။   ။   သံဃာတော် ၁၀ ပါးတို့အား လှူဖွယ် ၀တ္ထုတို့ဖြင့်လှူဒါန်း ပူဇော်ကြပါရန်။

(ပါဝင်လှူဒါန်းလိုပါလျှင် ကျောင်းတကာမ -မိခင်ကြီး ဒေါ်နီ-Ph-67951856 

(ကျောင်းPh-67781678)  ကိုဆက်သွယ်ပါ)

 လိပ်စာ ၊ ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရကျောင်းတိုက် (Clementi Temple)
23A Jalan Mas Puteh, Along West Coast Road ,
Singapore 128 628 - Clementi MRT area ,
Take Bus ( 78/285) from NTUC Bust Stop Alight 2 stop Opposite Blk 701 Near ESSO Station

ကြွရောက်လာသော ပါရမီရှင်များအား အလှူရှင် ကိုကျော်လင်းအောင်+မယဉ်မေထွန်း ၊ ဗုဒ္ဓဘာသာဝင်များက နံနက်စာ အစရှိသောအာဟာရများဖြင့် ကျွေးမွေးဧည့်ခံလှူဒါန်းပါမည် ။အားလုံးပါဝင်နိင်ပါသည်)

Vesak နေ. ဗုဒ္ဓနေ့အကြောင်းမှတ်သားစရာ

နိုင်ငံတိုင်းတွင် မိမိတို. ၏ ရိုးရာ အစဉ်အလာ အတိုင်း နေ.၊ ရက်၊ လ၊ နှစ် အမျိုးမျိုးကို သတ်မှတ် ကြသည် ဖြစ်ရာ ပြက္ခဒိန် အမျိုးမျိုး ရှိလေသည်။ Vesak Day နေ.ကို မြန်မာ နိုင်ငံတွင် နွေဥတု၏ နောက်ဆုံးလဖြစ်သော ကဆုန်လပြည့်နေ့တွင် ကျင်းပကြပါသည်။
မည်သို.ပင် ပြက္ခဒိန် သက္ကရာဇ် တွေ ကွဲပြား သော်လည်း ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ် အဖြစ် ကျင်းပ ပြုလုပ် ခြင်းဖြစ်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို ရည်ညွှန်းခြင်းပင် ဖြစ်ပေသည်။

မြန်မာတို. ၏ လတကာတွင် ကဆုန်လသည် အမြတ်ဆုံး ဟု အသိ အမှတ်ပြုကြသည် ။ ဤသို. အသိအမှတ် ပြုရာ၌ အကြောင်းတရား လေးပါးရှိ ပါသည်။
(၁)ပထမ အကြောင်းမှာ ဂေါတမ မြတ်စွာ ဘုရား အလောင်းတော်သည် ဘုရားစင်စစ် ဧကန် ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာ ဘုရားထံမှ နိယတ ဗျာဒိတ်ကို ခံယူသည်မှာ ကဆုန် လပြည့်နေ. ဖြစ်သည် ဟူသော အကြောင်းဖြစ်၏ ။
(၂)ဒုတိယ အကြောင်းမှာ နိယတ ဗျာဒိတ်ကို ခံယူ ခဲ့ပြီးနောက် ဤဘဒ္ဒ ကမ္ဘာတွင် မဟာ သက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ၌ ဂေါတမ မြတ်စွာဘုရား အလောင်း သိဒ္ဓတ္ထ မင်းသားကို ဖွားမြင်တော် မူ၏ ။
(၃)တတိယ အကြောင်းမှာ မဟာ သက္ကရာဇ် ၁၀၃ ခု ကဆုန် လပြည့် နေ.တွင် ဂေါတမ မြတ်စွာ ဘုရားလောင်း တော်သည် ဗောဓိ မဏ္ဍိုင်၌ သဗ္ဗညုတ ဥာဏ်တော် ကိုရ၍ ဘုရားဖြစ်တော် မူ၏ ။
(၄)စတုတ္ထ အကြောင်းကား မဟာ သက္ကရာဇ် ၁၄၈ ခု ကဆုန် လပြည့်နေ.တွင် မလ္လာမင်း တို.၏ အင်ကြင်း ဥယျဉ်ဝယ် ဘုရားရှင် ပရိနိဗ္ဗာန် စံတော် မူခြင်း အကြောင်းဖြစ်၏။
ဤကဲ.သို. ကဆုန်လ၌ ထူးကဲသော အဖြစ်တို.ကို ဖြစ်တော်မူခြင်းကြောင့် ကဆုန်လကို အမြတ်ဆုံးလဟု မှတ်ယူ ကြပြီးလျှင် ကဆုန် လပြည့်နေ.၌ ညောင် ရေသွန်း ပွဲတော်ကို ခြိမ့်ခြိမ့် သဲသဲ ကျင်းပကြသည်။
ညောင်ရေ သွန်းလောင်းခြင်းကား မြတ်စွာဘုရား သဗ္ဗညုတ ဥာဏ်တော်ရရာ ဗောဓိ ညောင်ပင်ကို ရည်စူး၍ ပူဇော်ခြင်း ဖြစ်သည်။ ထိုဗောဓိ ညောင်ပင်ရှိရာ ဌာနကို ဗောဓိ မဏ္ဍလ ဗောဓိ မဏ္ဍိုင် ဟုခေါ်ဆိုပါသည်။
“ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်” အစချီသော စာဆိုတော်ကြီး လက်ဝဲသုန္ဒ၏ ရတုကဗျာ ရှိလေသည်။
“တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်” ဟူသော စကားနှင့်အညီ ကဆုန်လသည် နွေရာသီ၏ အပူပြင်းဆုံး ကာလ၊ ရေအခန်း ခြောက်ဆုံး အချိန်၊ ရေပြတ်လပ် သော ကာလဖြစ်သည်။

ထို.ကြောင့် သစ်ပင် ပန်းမန် တို.သည် ညိုးနွမ်း ကြကုန်သည် ဖြစ်၏ ။ ဗောဓိ ပင်သည်လျှင် ရေရှား ပြတ်လပ် ညိုးလျော် သော်ကြောင့်
ယင်းကို လန်းဆန်း စိုပြည် လေအောင် ရေသွန်းလောင်း ကြသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ အမှီသဟဲ ပြု၍ ပွင့်တော်မူရာ ဗောဓိ ညောင်ပင်ကို ရေသွန်းလောင်း ခြင်းဖြင့် ညောင်ရေ သွန်းပွဲတော် ပေါ်ပေါက်လာရသည်။

လက်ဝဲသုန္ဒရ အမတ်ကြီးသည် မင်းမျက် သင့်၍ မဲဇာသို. ရောက်နေခိုက်ဝယ် “ မဲဇာတောင်ခြေ၊ ပွဲခါညောင်ရေ၊ သဲသာသောင်မြေ” အစချီသော ရတုပိုဒ်စုံဖြင့် နေပြည်တော်ကို တမ်းတ ခဲ့ဖူးသည်။

Vesak နေ. တည်းဟူသော နေ.ထူးနေ.မြတ်ကို ဗုဒ္ဓဘာသာဝင် အပေါင်းတို.က ကဆုန်လပြည့်နေ. ဗုဒ္ဓနေ. ဟူ၍ အထိမ်း အမှတ်ကို ကျင်းပခဲ့ကြသည်မှာ မြန်မာ နိုင်ငံ၌သာမက စင်္ကာပူ၊ အိန္ဒိယ၊ သိရိလင်္ကာ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန် နိုင်ငံ တို.၌ လည်း ယင်းတို. ၏ သဘာဝ နှင့် အညီ စည်ကားစွာ ကျင်းပခဲ့ ကြပါသည်။

ထိုနေ့သည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ပရိနိဗ္ဖာန် စံဝင် တော်မူခဲ့သည်။ ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ လူမျိုးတို့ အမွန်အမြတ် ထားသော ပွဲတော် တစ်ရပ် ဖြစ်ပါသည်။

Vesak နေ. ဗုဒ္ဓနေ. ဆိုတဲ့ အကြောင်းလေးကို ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ Clementi ဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တ၊ ၏ ကျောင်း တော် ၌  ( Vesak Day )
နေ. တွင် ကျင်းပ ပြုလုပ်မည့် မြတ်ဗုဒ္ဓ၏ မွေးနေ. မင်္ဂလာ အတွက် လှူဒါန်းရေးသား ကုသိုလ်ပြု ပါသည်။

ကျန်းကိုး - မောင်ထင်၏ မြန်.မာ့ ဆယ့်နှစ်လရာသီ 

================================================

အရှည်တွင် သံသရာ၊ အခြေ ကတော့..တဏှာ
သံသရာကို တိုအောင်ဖြတ်၊ တဏှာကို သေအောင်သတ်
တောင်တွင်လျှင် မြင့်မိုရ်၊ မြင်းတွင်လျှင် သတိုးဂုဏ်..ရှိရာဆိုခဲ့မည် 
 မြင့်မိုရ်ကို ပုံပြုလို့ကုသိုလ်ကို များအောင်စု, ကောင်းမှုကို များအောင်ကြံ 
သတ္တ၀ါ ကောင်းမကောင်း .အကြောင်းကံ.. ကသာ စီမံတော့သည် 
ကံသာလျှင် အမိ, ကံသာလျှင် အဖဆိုတာကတော့ လောကစကား၊
ဥာဏ်သာလျှင်.. အမိ ဥာဏ်သာလျှင် အဖဆိုတာ ကတော့..ဂေါတမ ဘုရားရှင်ရဲ့ တရား
ဟောပြလို့ ထားခဲ့တာက--

*ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*။
ဘိက္ခဝေ.. စစ်ပါးနပ်တဲ့ ချစ်သားမြတ်တို့
ဟန္ဒ.. သက်တော်ရှစ်ဆယ် ၀ါလေးဆယ့်ငါး မရပ်မနားဘဲ တရာရေအေး အမြိုက်ဆေးကို
တိုက်ကျွေးတော် မူခဲ့ရသဖြင့်ခန္ဓာတော် ရိနွမ်း၍, ငါကိုယ်တော် အရှင်မြတ်,
တကယ်ပင် ပင်ပန်းခဲ့ရ လေပြီ၊ ဒါနိ.. ဣဒါနိ- ယခုအခါ ကာလ၌(၀ါ)ကုသိနာရုံ ပင်မျိုးစုံသည့် ရဂုံသာမော
အင်ကြင်းတောဝယ် မြောက်သို့ ဦးခေါင်းပြုကာထေရ်ပေါင်းခြံရံ.. နန်းနိဗ္ဗာန်သို့.. ၀င်စံ မည့်ဆဲဆဲ ချိန်ခါထဲ၌
သြော်… ရင်သွေးရတနာ သားသက်လျာဟု, ကရုဏာသက်ထား သင်ချစ်သားတို့အား..
အာမန္တယာမိ ..သတိတရား၊ အသိ မမှားရအောင်လို့, ထင်ထင် ရှားရှားကြီး မိန့်ကြားတော် မူခဲ့ပါအံ့
သင်္ခါရာ.. အစဉ်ထာဝရ ဘင်မှာကျပြန်တော့.ခင်မင်စရာ တစ်စက်ကယ်မျှ မရှိပါတဲ့.ဒီဓမ္မာရုံ အဘိသင်္ခါရ တရားတို့သည် ၀ယဓမ္မာ… ပျက်စီးခြင်းသဘော ရှိကြပါပေကုန်၏
ဝယဓမ္မာ… လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲနဲ့ အဖြစ်ကလည်း မစဲ.. အပျက်ကလည်း မစဲနိုင်တာမို့
ထိတ်စရာတမျှ အ၀ိဇ္ဇာက စတာကြောင့်..ဟေ.. ယောဂီတို့ရေ.. စိတ်သာ ချကြပေတော့
အနိစ္စ ၀တတို့ပါတကား၊ ဒုက္ခ၀တ တို့ပါတကား… အနတ္တ.. ၀တတို့ပါတကား
အပ္ပမာဒေန.. မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရား တို့ဖြင့်..
သမ္ပာဒေထ.. ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါ ကုန်လော့
သမ္ပာဒေထ.. မြင်ရာမှာလည်းမမေ့နဲ့၊ ကြားရာမှာလည်း မမေ့နဲ့၊ စားရာမှာလည်း မမေ့နဲ့၊ သွားရာမှာလည်း မမေ့နဲ့၊ နံရာမှာ လည်းမမေ့နဲ့..ထိရာ တွေ့ရာ သိရာတို့မှာလည်း မမေ့လိုက်ကြပါနဲ့, မေ့တတ်တဲ့ ၀ါသနာတွေကို.. မေ့တတ်တဲ့ ၀ါသနာတွေကို…
တစ်နေ့မကြာ.. မကြာ သတိသွင်းကြ လေကုန်လော့
သြော်.. ဒီကနေ့ တရားတော်နာ ကြွရောက် လာကြကုန်သော.. တရားနာပရိသတ်အပေါင်း သင် သူတော်ကောင်းတို့သည်
အပ္ပမာဒခေါ် သူတော်ကောင်း တရားတို့ကို ကျင့်ကြံနိုင်ကြပါစေ ကုန်ရာသတည်း…။

 

No comments:

Post a Comment